Powered by Blogger.
Recent Movies

A Brand New Life




A Brand New Life ဇာတ်ကားဟာဆိုရင် IMDb ratting 7.6 အထိ
ရရှိထားပါတယ်…မိဘရဲ့ စွန့်ပစ်ခြင်းကိုခံရပြီး မေတ္တတရားငတ်မတ်နေတဲ့
ကလေးတယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပါ…
ဇာတ်လမ်းအစမှာတော့ ဖခင်ဖြစ်သူက သူ့သမီးလေးဂျင်ဟီးကို မိဘမဲ့ဂေဟာမှာ
သွားပို့လိုက်ပါတယ်…ပတ်ဝန်းကျင်အသစ်ဖြစ်တဲ့ မိဘမဲ့ဂေဟာမှာ
ဂျင်ဟီးတယောက်တခြားကလေးအဆင်ပြေနိုင်ပါ့မလား…ဖခင်ဖြစ်သူက
တနေ့ကျရင် ပြန်လာခေါ်မယ်လို့ တထစ်ချယုံကြည်နေတဲ့ ဂျင်ဟီး
သူ့အဖေကရောသူ့ကိုပြန်လာခေါ်ပါ့မလား…ကလေးဘ၀ကတည်းက ကတိဆိုတဲ့
စကားတလုံးကို ယုံကြည်နေတဲ့ဂျင်ဟီးရဲ့ မျော်လင့်ချက်တွေဖြစ်လာပါ့မလား…
မိဘမဲ့ဂေဟာမှာ လာရောက် မွေးစားမယ့်သူကို စောင့်နေကြတဲ့ကလေးတွေများနေပေမယ့်
ဂျင်ဟီးတယောက်ကတော့ သူ့အဖေတယောက်တည်းကိုသာ စောင့်မျော်နေရင်း….
ဒီဇာတ်ကားမှာ ကလေးတွေရဲ့ ပီပြင်စွာသရုပ်ဆောင်ထားချက်ကြောင့်
ဇာတ်လမ်းရဲ့ ရသရော ပေးချင်တဲ့ မတ်ဆေ့ရောကို ထင်ထင်ရှားရှားတွေ့မြင်ရမှာပါ(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော.  Aung Pyay  ဖြစ်ပါတယ်)

File Size         :  700 MB
Quality           : DVD Rip
Running Time : 1hr 32 minute
Format           : Mp4
Genre             : Drama
Encoder         : Thanhtike Zaw

Download Here (700 MB)
Download Small File Size (350 MB)

Suicide Squad (2016)



Suicide Squad(2016) – မြန်မာစာတန်းထိုး
*************************************Hype တွေများလွန်းလို့ တကယ့်ဇာတ်ကားထွက်လာတော့
ထင်သလောက်ခရီးမရောက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားကို
ဘယ်လိုဘယ်ပုံတွေကောင်းကြောင်း ဆိုးကြောင်း
ထပ်ပြီး မညွှန်းချင်တော့ပါဘူး။
မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်
မကောင်းဘူးလို့တော့လဲလုံးဝပြောလို့မရတာတော့အမှန်ပါ
ဒါ့ကြောင့် ဇာတ်လမ်းသွားလေးပဲ နည်းနည်းညွှန်းပေးပါရစေ။
ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီး
Superman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာ
ဇာတ်အိမ်တည်ထားပါတယ်။
အစိုးရအဖွဲ့အနေနဲ့ Supermanလို လူစွမ်းကောင်းမျိုး
သာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့်
Villainတစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့
စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်
Amanda Waller ဆိုတဲ့
အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်က
DC ရဲ့နာမည်ကျော် Villainsကြီးများနဲ့အဖွဲ့တစ်ခုထူထောင်
ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကို
သူ့ရဲ့Task Force X ခေါ် Suicide Squad အဖွဲ့ကို
လွှတိပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။
Amanda ရဲ့ အကြံအစည်အောင်မြင်မလား
ဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလား
Suicide Squadအဖွဲ့သားတွေကရော
ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ။မညွှန်းတော့ဘူးဆိုပေမယ့် တစ်ခုလေးပြောပြစရာရှိပါသေးတယ် 😛
ဇာတ်ကားရဲ့ အဓိက အားသာချက်တစ်ခုကတော့ characters ကိုက်ညီမှုရှိတာပါပဲ အထူးသဖြင့်
Deadshot အဖြစ်သရုပ်ဆောင်တဲ့ Will Smith နဲ့
ရေပန်းစားနေတဲ့ Harley Quinn အဖြစ်
Margot Rubbie တို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေ
ကတော့ ပရိတ်သတ်အထူးကြိုက်နှစ်သက်ကြလိမ့်မယ်ဆိုတာ
ကျိန်းသေပေါက် အာမခံရဲပါတယ် ။
Joker အဖြစ် အများစိတ်ဝင်စားနေတဲ့ Jared Leto
ကိုလဲ သူပါသမျှဇာတ်ဝင်ခန်း များအရသုံးသပ်ဖို့
ခက်ခဲနေသေးပေမယ့် မဆိုးဘူးလို့တော့မြင်မိပါတယ်။
ဒါ့ကြောင့် rating တွေ Review တွေ ဘေးခဏချိတ်
Hype ခဲ့သမျှတွေကိုခဏမေ့ပြီး မိမိအမြင်နဲ့ သာ
ကြည့်ရှုခံစားကြပြီး မိမိအမြင်နဲ့သာဝေဖန်သုံးသပ်ကြည့်ကြပါလို့ပဲတိုက်တွန်းပါရစေခင်ဗျာ/
အော် ဒါနဲ့ ….
နောက်ဆုံးမှာ နောက်လာမယ့် Justice League ဇာတ်ကားအတွက် အစပျိုးထားတဲ့ post credits scene
ပါပါ တယ်မကြည့်ဖြစ်လိုက်မှာစိုးလို့ ကြိုပြီး
သတိလေးပေးထားပါရစေ။(ဇာတ်ကားဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့
ကျွန်တော် Han Htoo Zaw ပဲဖြစ်ပါတယ်။)


File size…(970MB)
Quality…HD-Rip 720p
Format…mp4
Duration….02:02:47
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung


Download and Watch 720p and 360p (VIP Link)
(or)
Download 720p HD (970MB)
Download 360p(450MB)

Bounty Hunters(2016)



2016 ဟာသ အက်ရှင် ကားလေးပါ။ ခေါင်းဆောင်မင်းသားအဖြစ် လီမင်ဟို ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက်အဖွဲ့တစ်ခုရဲ့ ဗုံးဖောက်ခွဲမှုတွေကို လိုက်စုံစမ်းရင်း ကြေးစားလုံခြုံရေး ညီအစ်ကို ၂ ယောက် အထင်လွဲခံရပြီ ၀ရမ်းပြေးဖြစ်လာခဲ့ပါတယ်။ သူတို့လိုပဲ အထင်လွဲခံနေရတဲ့ နောက်ကြေးစားတစ်ဖွဲ့နဲ့ပေါင်းပြီး တရားခံအစစ်ကို လိုက်ဖော်ထုတ်တဲ့အကြောင်းကို ဟာသဆန်ဆန် အတိုက်အခိုက်တွေနဲ့ လှလှပပလေး ရိုက်ကူးထားတာပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ ကောင်းကောင်းကြည့်နိုင်မှာပါ။


File Size    : 750 / 350 Mb
Duration   : 01:45:36
Quality      : Webrip 1080p
Encoder/Translator : Littleneo



Download form pCloud(750Mb)

Small File Size (350)

Taken(1+2+3) Special Pakage



Taken (2008) မြန်မာစာတန်းထိုး



ဒီဇာတ်ကားက ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းကိုပြောရရင်……..
မင်းသားက အရင်တုန်းက CIA ကစုံထောက်၊ ၁၇နှစ်အရွယ် သမီးလေးတစ်ယောက်ရှိပါတယ်။ Liam Neeson က သူသျှို၊စုံထောက်ဆိုတော့ မိသားစုအတွက် အချိန်မပေးနိုင်လို့ မိန်းမနဲ့ကွာရှင်းပြီးနောက် သမီးလေးကိုပါ မိန်းမလက်ထဲထည့်ပေးလိုက်ရပါတယ်။ သူက သူ့သမီးလေးကိုအရမ်းချစ်တော့ CIA ကနေ အနားယူပြီး သမီးလေးနားမှာနေနိုင်အောင် ကြိုးစားနေတဲ့ အဖေနေရာက သရုပ်ဆောင်တာပါ။ Bryan (Liam Neeson ရဲ့ဇာတ်ကောင်) ရဲ့သမီး Kim (Maggie Grace ရဲ့ဇာတ်ကောင်) က တစ်နေ့မှာ သူငယ်ချင်းရယ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုသွားလည်ဖို့ ဖခင်ကိုတောင်းဆိုပါတယ်။ (အမေရိကားမှာ ၁၈နှစ်အောက်ကလေးတွေက ပြည်ပခရီးသွားချင်ရင် မိဘခွင့်ပြု့တဲ့လက်မှတ်ပါမှ သွားလို့ရပါတယ်)။ သူ့အဖေက မသွားစေချင်ပေမယ့် နောက်ဆုံးမှာ မတတ်သာလို့ခွင့်ပြုလိုက်ရပါတယ်။ ပဲရစ်ကိုရောက်ရောက်ချင်းမှာပဲ Kim နဲ့သူ့သူငယ်ချင်း က ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကားအတူငှားစီးမိရာကနေ Albanian တွေရဲ့ ဖမ်းဆီးခြင်းခံရပါတယ်။ Albanian တွေက အဖော်မပါပဲ ခရီးထွက်လာတဲ့ မိန်းမပျိုလေးများကို ဖမ်းပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်နေသူတွေဖြစ်ပါတယ်။ ဒါကို Bryan အနေနဲ့ သူရဲ့ စုံထောက်ဘ၀အတွေ့အကြုံတွေ၊ ပညာတွေသုံးပြီး သူ့သမီးကို ပြန်လိုက်ရှာရမှာပါ။ သူ့သမီးကိုရှာဖို့ ၇၂ နာရီသာ အချိန်ရပြီး ၇၂ နာရီကျော်သွားတာနဲ့ သေရင်သေ မသေရင် တခြားလူတွေလက်ထဲရောက်သွားပြီး ရှာတွေ့ဖို့ လမ်းစပျောက်သွားမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းက စ၊လယ်၊ဆုံး မနားတမ်း Action Scene တွေ၊ စိတ်ဝင်စားစရာ ဇာတ်ကွက်တွေအပြင်၊ သတိထား ပညာယူရမယ့်အချက်တွေနဲ့ ပရိတ်သတ်ကိုစွဲဆောင်နိုင်ပါတယ်။ ဇာတ်လမ်းကသာမန် အားဖြင့်ရိုးရှင်းတယ်လို့ထင်ရပေမယ့် တကယ်တမ်း ကြည့်ရင်၊ ကြည့်နေကြ Action/Revenge ကားတွေ၊ Action/Detective ကားတွေထက် ထူးခြားပါတယ်။ ဇာတ်လမ်းဆုံးသည် အထိ စိတ်လှုပ်ရှားမှုရသအပြည့်အ၀ပေးနိုင်တဲ့အပြင်၊ အက်ရှင်တွေလည်း မရိုးနိုင်အောင် တ၀ကြီးကြည့်ရပါတယ်။ သာမန်သိုင်းကားတွေလို အဓိပ္ပါယ်မရှိ မင်းသားနဲ့လူဆိုးတွေ ချခန်းကြီးပဲ ကြည့်နေရတာ မျိုးလည်းမဟုတ်ပဲ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းမျိုးပါ။
မကြည့်ရသေးတဲ့သူများ ကြည့်ဖြစ်အောင်ရှာပြီးကြည့်ပါ။ မိသားစုတူတူကြည့်ဖို့သင့်တော်ပါတယ်။ Rated PG-13 ပါ။ ဇာတ်ကားတစ်ကားလုံး မပျင်းမရိပဲကြည့်ရမယ့်ကားမျိုးပါ။
မလွတ်တမ်းအားပေးသင့်သောကားပါ…
(အညွှန်းကို ရုပ်ရှင်မိတ်ဆက်မှကူးယူဖော်ပြပါသည်…)

File size…453MB
Quality….Blu-ray Rip 480p
Format…mp4
Duration….01:28:49
Subtitle….Myanmar Subtitle(Hardsub)
Encoder….Nyeinsaeya Aung


Download and Watch(pCloud Link)

Taken 2(2012) မြန်မာစာတန်းထိုး




Taken 1(2008) ကိုကြည့်ပြီးဒီဇာတ်ကားကိုကြည့်မှ အရသာရှိမှာပါ…
Taken (1) မှာဖြစ်ပျက်ခဲ့တာတွေအတွက် Taken (2) မှာ စာရင်းရှင်းကြမှာပါ… ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ Agent တစ်ယောက်ရဲ့ စနစ်ကျနသေသပ်မှုကို အကောင်းဆုံးပေါင်းစပ်ထားတဲ့ ဇာတ်ကားပါ…

File size…400MB
Quality….Blu-ray Rip 480p
Format…mp4
Duration….01:35:00
Subtitle….Myanmar Subtitle(Hardsub)
Encoder….Nyiminn Thant


Download and Watch(pCloud Link)


Taken 3(2014) မြန်မာစာတန်းထိုး



ဒီကားက တော့ Liam Neeson ကို Action မင်းသားအဖြစ် ကမ္ဘာကျော်စေခဲ့တဲ့
Taken ဇာတ်ကား ရဲ့ တတိယမြောက်နဲ့ နောက်ဆုံးကားဖြစ်ပါတယ်။
Taken ရဲ့နောက်ဆုံးဇာတ်ကားကိုတော့ ကျွန်တော်အညွှန်းမပေးတော့ပါဘူး။
ဇာတ်လမ်းက Taken ရဲ့ကျောရိုးကနေ ကွဲထွက်နေတယ်လို့ယူဆလို့ပါ။
အကြိုက်မတွေ့ဆုံးအချက်ကတော့ Lenny ရဲ့ ယောက်ျား Stuart ကိုဒီဇာတ်ကားမှာ သရုပ်ဆောင် ပြောင်းထားပြီး Stuart အဖြစ် စကော့တလန် လူမျိုး သရုပ်ဆောင် ဖြစ်တဲ့
Dougray Scott ကို သရုပ်ဆောင်ခိုင်းထားတဲ့အချက်ပါပဲ။
Action ဇာတ်ကားအဖြစ်သာ ကြည့်ရင်တော့ အကြိုက်တွေ့ကြမှာပါ။

File size…420MB
Quality….HD-Rip 480p
Format…mp4
Duration….01:44:04
Subtitle….Myanmar Subtitle(Hardsub) and Arabic Hardsub
Encoder….Nyeinsaeya Aung


Love O2O (2016)



ကျန်းရွှေဝူးရှန်း အွန်လိုင်းဂိမ်းတစ်ခုတွင် အဆင့်(၇)ရရှိထားသော လူဝေဝေ့ဝေအဖြစ်Computer မေဂျာရဲ့နတ်သမီး …ဂိမ်းသရဲမလေး … ပေဝေဝေ…..။ထိုဂိမ်းတွင် ထိပ်တန်းဇာတ်ကောင်ဖြစ်နေသော ရီရှောင်းနိုင်ခဲ အဖြစ်Computer ဆရာကြီး …ဘက်စုံထူးချွန်.. ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်.. ရှောင်းနိုင်….။သူတို့နှစ်ယောက် မြင်မြင်ချင်း ချစ်ကြိုက်မိသောအခါ Love O2O (Love online to online) ဇာတ်ကားဖြစ်လာပါတယ်။ဒီဇာတ်လမ်းက စီးရီးအနေနဲ့လဲ ထွက်ရှိထားပါတယ်။ Movie နဲ့မတင်းတိမ်နိုင်သူတွေ စီးရီးကို ထပ်ကြည့်ကြပါကုန်။ရှောင်းနိုင်အဖြစ်…Jing Boranပေဝေဝေအဖြစ်…Angelababy တို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ်။(Sid Moe Eain မှခံစားတင်ဆက်ထားတာပါ။)

File size…(900MB)
Quality…WEB-Rip 720p
Format…mp4
Duration….01:43:29
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung


Download and Watch 720p and 360p (VIP Link)
(or)
Download 720p HD (900MB)
Download 360p(360MB)

For a Few Bullets (2016)



အခါတစ်ပါး၌ ဂျပန်သည် တရုတ်ပြည်ကို အုပ်စိုးရန် ကျူးကျော်ဝင်လာကြ၏။တရုတ်ပြည်လဲ ကပ်ဆိုက်လေသည်။ဂျပန်တို့သည် အရှေ့အာရှ သာတူညီမျှ ဘလာ ဘလာ ဘလာ ကြွေးကြော်ပြီးတရုတ်ပြည်သူများကိုကျုံးသွင်းရန်ကြံဆောင်နေလေသည်။ထိုစဉ်တွင် ပျောက်ဆုံးနေပြီဖြစ်သော ရှေးတရုတ်အင်ပါယာတို့၏ အထိမ်းအမှတ် ယူချီဟူသော တံဆိပ်တုံးကိုဂူသင်္ချိုင်းတစ်ခုမှ ပြန်လည်တူးဖော်ရရှိလာကြောင်း ဂျပန်တို့သတင်းရရှိလေသည်။ထိုတံဆိပ်တုံးသည် အင်ပါယာ၏အမှတ်အသားဖြစ်သလို ကျောက်စိမ်းတုံးပေါ်တွင်ထွင်းထုထားခြင်းဖြစ်လေရာတန်ဖိုးအရကြီးမားလှပြီး ရှေးဟောင်းအမွေအနှစ်အစစ်အမှန်လဲဖြစ်ပေသည်။ဂျပန်တို့သည် တရုတ်ပြည်သူများကို ထိုတံဆပ်တုံးဖြင့် ဂျင်းထည့်ရန် အာရုံရလေသည်။ထိုသတင်းကိုသိလေသော တရုတ်မျိုးချစ်တို့သည် ဂျပန်တို့လက်ထဲ တံဆိပ်တုံးမရောက်ရှိစေရန် လျှို့ဝှက်လုပ်ဆောင်လေသည်။ခိုးယူရမည်ဖြစ်သောကြောင့် တရုတ်ပြည်၏ အတော်ဆုံးသူခိုးနှစ်ယောက်ကို အသုံးချမိသောအခါ….။တရုတ်ပြည်၏ တစ်ချိန်က အတော်ဆုံးသူခိုး ချိဖော်။ချိဖော်ကဲ့သို့ နာမည်ကြီးချင်နေသော ကျန်ကျောင်း။သေနတ်ပစ်တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော တရုတ်မျိုးချစ်သမလေး ယူရင်။ရက်စက်ကြမ်းကြတ်သော လူသတ်သမား အပိုင်း-၇၃၁ တစ္ဆေအရိပ်။စသည့် စသည့်ဇာတ်ကောင်များဖြင့် ဖန်တီးထားသော Action , Comedy ဇာတ်ကားကောင်းဖြစ်ပေသည်။ငြီးငွေ့ဖွယ်မရှိရအောင် သွက်သွက်လက်လက်တင်ဆက်ထားပြီးဆွဲဆောင်မှုရှိသော တရုတ်ဇာတ်ကားဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။(Moe Myint Lwin မှခံစားတင်ဆက်ထားပါ၏။)

File size…(900MB)
Quality…HD-Rip 720p
Format…mp4
Duration….01:55:02
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung


Download and Watch 720p and 360p (VIP Link)
(or)
Download 720p HD (900MB)
Download 360p(400MB)

Hon3y : Dare To Dance (2016) မြန်မာစာတန်းထိုး



Step-up ကားတွေကို ကြည့်ဖူးတဲ့သူတွေဆို ဒီကားလေးကိုလဲကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်ဇာတ်လမ်းလေးကတော့ ရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့ဇာတ်လမ်းထဲမှာ ပါထားတဲ့ အကတွေကို တကားလုံး ကြည့်ခြင်အောင်ဆွဲဆောင်သွားမှာပါကိတ်တောင်း မြို့မှာ တက္ကသိုလ်တက်နေတဲ့မီလီယာ မာတင်ဟာတက္ကသိုလ်ရဲ့ တင်းကျပ်လွန်းတဲ့ စည်းကမ်းတွေကြောင့်ကျောင်းကထွက်ပြီး သူ့ရဲ့ စွမ်းရည် အကနဲ့ ကြီးပွားဖို့ လမ်းစရှာရာမှမာတင် ဟာ အောင်မြင်မှုရသွားမှလား ဘယ်လို အခက်အခဲတွေကိုကောကြုံတွေ့ရအုံးမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက် ကြည့်ရှူလိုက်ပါတော့

Download Vip Link

Download On Pcloud Large File

Download On Pcloud Small File

Back to the Future Part III




ဒီဇာတ်ကားက 1990 ခုနှစ်က ထွက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။
အရင်က CM မှာတင်ခဲ.ဖူးတဲ့ 1 နဲ 2  တို.ရဲ.အဆက်ပါအဲ့ဒီခေတ်လောက် ကတည်းက
ဆန်းသစ်တဲ့ Idea…ပစ္စည်းတွေကို သုံးပြီး ရုပ်ရှင်ရိုက်ကူးထားတာ ချီးကျူးဖွယ်ရာပါ။
Adventure, Comedy, Sci-Fi အမျိုးအစားဇာတ်ကားဖြစ်ပါတယ်….
ရယ်လဲရယ်ရသလို အဲ့ဒီခေတ် အဝတ်အစား …ဒီဇိုင်း …ပြောပုံဆိုပုံ… သရုပ်ဆောင်မှုတွေအကုန်လုံး
ရိုးသားသန့်စင်တဲ့အမူအရာနဲ့ နှစ်သက်ဖို့ကောင်းလွန်းပါတယ်။
IMDb Rating 7.4 ထိရရှိထားတဲ့ဇာတ်ကားပါ။
Time Travel ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးလို့ သတ်မှတ်ရမယ့်
ဇာတ်ကားပါ။


File Size         :  840 MB
Quality           : Blu ray 720P
Running Time : 1hr 58 minute
Format           : Mp4
Genre             :Adventure,comdey,Scifi
Encoder         : Thanhtike Zaw


Downlaod & Watch On Vip Link
Download Here (840 MB) Pcloud Link
Download Small File Size (460 MB) Pcloud Link 

Lights Out (2016)




၂၀၁၆ မှာ နာမည်ကြီးနေတဲ့ Lights Out ကို တင်ပေးထားပါတယ်။ IMDb 6.7 ရထားတဲ့ သရဲကားပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ ကြာချိန်က ၈၀ မိနစ်ကျော်လေးပါပဲ။ ဒါပေမယ့် Horror ကြိုက်သူတွေအတွက် ကျေနပ်မှုပေးပါလိမ့်မယ်။ အသံ၊ ညမြင်ကွင်း၊ ရိုက်ကွက်တွေက အတော်ကို ကောင်းမွန်ပါတယ်။ Conjuring အပြီးနောက်ပိုင်း ဘာနဲ့ထပ်ကြောက်ရမလဲ ရှာနေတဲ့သူတွေ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဖအေတူ မအေကွဲ မောင်နှမ နှစ်ယောက်မှာ စိတ်ကျရောဂါခံစားနေရတဲ့ မိခင်ရှိနေပါတယ်။ သူဟာ အမြဲလိုလို ဘာမှန်းမသိတဲ့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေတတ်တာပါပဲ။ အဲဒီတစ်စုံတစ်ယောက်ကို စုံစမ်းဖော်ထုတ်ဖို့ သူ့ဆီကနေဖယ်ရှားဖို့ ကြိုးစားသူတိုင်းအတွက် အန္တရာယ်အကြီးအကျယ် ကျရောက်လာတဲ့အခါ…….
Horror ကြိုက်တတ်တယ်၊ မကြောက်တတ်ဘူး သို့မဟုတ် ကြောက်ချင်တယ်ဆို ညဖက်မှာ တစ်ကိုယ်တည်း မီးလေးပိတ်ပြီးကြည့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။


 File Size : 600 / 300 Mb
Duration : 81 min
Quality : 720p Webrip
Translator : Littleneo

pCloud Download Link ( 650 Mb )

Direct Download Link

The Neon Demon (2016)



Model ဖြစ်ဖို့ မျှော်လင့်ချက်နဲ့ Log Angeles ကို ရောက်လာတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ရိုက်ထားတဲ့ဇာတ်။ LA ရဲ့ ဖက်ရှင်လောကကြီးထဲက နေရာ (၁)နေရာရပ်တည်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် မနာလိုဖြစ်
ကြတာတွေ၊ အထီးကျန်ရတာတွေ၊ ပြိုင်ဆိုင်ရတာတွေကို အမြင်ဆန်းဆန်းရိုက်ချက်လေးတွေနဲ့ မီးမောင်းထိုးပြထားတာပါ။ အသက်(၁၆)နှစ်ပြည့် မွေးနေ့ကျင်းပပြီးတာနဲ့ LA ကိုရောက်လာတဲ့ အပြစ်ကင်းဖြူစင်တဲ့ ချာတိတ်မလေးတစ်ယောက်၊
အလုပ်မဖြစ်ခင်တော့ မင်းသား Keanu Reeves ရဲ့ မိုတယ်အပေါစားလေးမှာတည်းရင်း ဘယ်လိုရုန်းကန်ရမှာလဲ… သူမရဲ့ငယ်ရွယ်နုပျိုမှုနဲ့ ဘာတွေကိုအရယူပြီး ထိပ်ဆုံးရောက်အောင် ကြိုးစားမလဲဆိုတာ…..။Keanu Reeves နဲ့ Elle Fanning တို့က ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဒါရိုက်တာ Nicolas Winding Refn ရဲ့ လက်ရာကားကောင်းတစ်ခုပါပဲ။ Drive ဇာတ်ကားတုန်းကလို ဘယ်လိုရသအသစ်တွေ ပေးအုံးမလဲဆိုတာ ကြည့်လိုက်ကြပါအုံးနော်။(ရုပ်ရှင်အညွှန်းကို people.com.mm မှကူးယူဖော်ပြပါသည်။)


File size…(900MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….01:57:42
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p and 360p (VIP Link)
(or)
Download 720p HD (900MB)
Download 360p(270MB)

Tere Binladin 2 Dead or Alive (2016) မြန်မာစာတန်း



ကဲ ဒီတစ်ခါတော့ ခပ်မြူးမြူး ဟာသ ကားလေးနဲ့ မိတ်ဆက်ပေးခြင်ပါတယ်ဇာတ်ကားလေးကတော့ ဘင်လာဒင်သေလား မသေလားကို ပြောင်ပျက်ရိုက်ထားတာဖြစ်ပြီးတကားလုံး မရိုးရပဲ ခပ်မြူးမြူးကားလေးဖြစ်တာမို့ ပါးစပ်မပိတ်ရပဲကြည့်ရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ဘောလိဝုဒ်ဒါရိုက်တာကို အမေရိကန်အေးဂျင့်ကငှားရမ်းပြီး ဘင်လာဒင်သေလား မသေလားကို သက်သေပြဖို့အတွင် လိမ်လည် ခေါ်ယူရာမှအလွဲလွဲအချော်ချော်တွေဖြစ်ပြီး နောက်ဆုံးမှာ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှူ့ကြရမှာပါ

Downlaod On Vip Link
Download On Pcloud Large File Size

The Night Of Mini Series (2016) မြန်မာစာတန်းထိုး


IMDb rating 8.9/10 ရရှိထားပြီး Crime/Thrill စီးရီးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်ကားလေးက မထင်မှတ်ထားတဲ့ အနေအထားတွေနဲ့တပိုင်းကြည့်မိရင် အဆုံးထိ ဆွဲခေါ်သွားနိုင်တာမို့ လက်လွတ်မခံသင့်တဲ့ စီးရီးလေးပါဇာတ်လမ်း အမြည်းလေးကတော့ အမေရိကန်ဖွား အိန္ဒိယသားလေး ဟာလူငယ်ပီပီ Night out ထွက်ပြီး ပါတီပွဲတစ်ခုကို တက်ရောက်ဖို့ ချိန်းထားရာမှသူငယ်ချင်းဖြစ်သူက မရောက်ရှိနိုင်ခဲ့တော့ရာမှာ မိမိ ဖခင်ဖြစ်သူရဲ့တက္ကဆီကိုယူမောင်းပြီး လမ်းမှာ သူစိမ်းမိန်းကလေးတယောက်နဲ့ ရင်းနှီးမိပြီးအိမ်ကိုလိုက်သွားခဲ့ရာမှ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို စိတ်ဝင်တစားကြည့်ရှူကြရမှာပါဘာသာပြန်ကတော့ မျိုးမြင့်မောင်ပဲဖြစ်ပါတယ်ဗျ

Download Episode 01 On VIP Link
Download Episode 02 On VIP Link  
Download Episode 03 On VIP Link

Careful What You wish For 18+ (2015) မြန်မာစာတန်းထိုး



fifty shades of grey လောက်တော့မကောင်းပေမယ့် ဒီကားလေးလည်း
သူ့ဟာနဲ့သူတော့ကောင်းတာပါပဲ 😀 18+ ပါ မိသားစုနဲ့ကြည့်လို့မသင့်လျော်ပါခင်ဗျာReview :ဒေါ့ခ်ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ အိမ်ချင်းကပ်လျက်က ခြံကို လင်မယားနှစ်ယောက် ပြောင်းလာတယ်။ ယောက်ျားဖြစ်သူက ဘဏ်သူဌေးတစ်ယောက်ဖြစ်ပြီး မိန်းမကငယ်ငယ်ချောချောပါ။ ဒါပေမဲ့ တခြားအမျိုးသားတွေကို စိတ်ဝင်စားတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်တာကြောင့် အဲဒီအိမ်ကိုရောက်ပြီးပြီးချင်း တစ်ဖက်ခြံကဒေါ့ခ်ကို ရင်းနှီးမှုရဖို့ ကြိုးစားတယ်။ စိတ်ကစားတတ်တဲ့ ဒေါ့ခ်အနေနဲ့ အမျိုးသမီးရဲ့ ဖြားယောင်းမှုအောက်ကို အချိန်တိုတိုအတွင်းမှာပဲ ပါသွားခဲ့တယ်။ဒီအမျိုးသမီး လီနာက သူ့ယောက်ျားက ဘယ်လိုဂရုမစိုက်တာ၊ နှိပ်စက်တတ်တာတွေကို ဒေါ့ခ်ကိုပြောပြပြီး ဒေါ့ခ်ရဲ့မေတ္တာကို ရအောင်ယူတယ်။ သူတို့နှစ်ယောက်ဟာ လစ်ရင်လစ်သလို အတူတူနေကြတယ်။ မနူးမနပ်အ ရွယ်ဒေါ့ခ်က လီနာအပေါ်မှာ တော်တော်လေး စွဲလမ်းသွားမိတယ်။ ဒါပေမဲ့ သူကြိုက်နေတဲ့ အမျိုးသမီးက အိမ်ထောင်သည်တစ် ယောက် ဖြစ်နေတာကြောင့် သူ့ဇာတ်လမ်းကို သူငယ်ချင်းအရင်းကိုတောင် ပြောပြတာမျိုးမလုပ်ခဲ့ဘူး။ ဒေါ့ခ်ရဲ့မိဘတွေကလည်း ဒီအဖြစ်အပျက်ကို မရိပ်မိဘူး။တစ်ရက်မှာတော့ လီနာက သူ့ကိုအရေးတကြီးအကူအညီ တစ်ခုတောင်းတယ်။ သူ့ယောက်ျားဖြစ်သူနဲ့ ရန်ဖြစ်ရင်းက သူသတ်မိခဲ့ကြောင်းနဲ့ ဒီအလောင်းကို ဖျောက်ပေးဖို့ဆိုပြီး ဒေါ့ခ်ကို ပြောတယ်။ ဒေါ့ခ်အနေနဲ့ကလည်း မွှန်နေတဲ့အချိန်ဖြစ်တာကြောင့် သူ့ယောက်ျားကို သူ့ဟာသူလှေစီးရင်း သေသွားတဲ့ပုံစံဖြစ်အောင်လုပ်ပြီး ဖျောက်ဖျက်ပစ်လိုက်တယ်။ သူတို့ အထင်ကတော့ ဒီကိစ္စကတော့ သာမန်လူသေမှုတစ်ခုအဖြစ်နဲ့သာ ပြီးဆုံးသွားမယ်လို့တွက်ခဲ့ကြတယ်။ဒါပေမဲ့ လီနာ့ယောက်ျားရဲ့ သေဆုံးမှုက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ သူဌေးကြီး တစ် ယောက်ရဲ့သေဆုံးမှုနောက်မှာသူ ပိုင်ဆိုင်တဲ့ငွေကြေးတွေနဲ့ သန်းနဲ့ ချီတဲ့ အသက်အာမခံကြေးကိစ္စ တွေရှိနေသေးတာကြောင့်ဒေသ တွင်းရဲတပ်ဖွဲ့တွေအပြင် အာမခံ ကုမ္ပဏီကစေလွှတ်တဲ့ စုံစမ်းစစ် ဆေးသူတွေပါ ရောက်လာတဲ့အ ချိန်မှာတော့ ဒီအမှုကို အသေး စိတ်စုံစမ်းမှုတွေ ပြုလုပ်ပါတော့ တယ်။ တကယ်တော့ ဒီလူသတ် မှုကို အကွက်ကျကျစီစဉ်ပြီး လူ ငယ်လေးဒေါ့ခ်ကို ဆွဲသွင်းတဲ့သူ က တခြားသူတော့မဟုတ်ပါဘူး။ ဒေါ့ခ်ကြိုက်နေတဲ့ အမျိုးသမီးလီ နာကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒီအ
asafdရှုပ်တွေထဲက ဒေါ့ခ်တစ်ယောက် ပြန်ပြီးရုန်းထွက်နိုင်၊ မထွက်နိုင်ဖို့ ဆိုတာတော့ …။
Review မှာ 7daydaily မှ ဖြစ်ပါသည်

Filesize : 536MB
Quality : Bluray-720p
Format : mp4
During : 1:31:19
Subtitle : Myanmar Subtitle ( Hardsub )

Download And Watch With Pcloud Link
 Download From VIP Link 

The Adjustment Bureau မြန်မာစာတန်းထိုး




လူတွေရဲ့ ကံကြမ္မာတွေကကိုယ်ပိုင်နဲ့ထိန်းချုပ်ခွင့်ရှိနေတာလား။
တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာများလား။ကံကြမ္မာနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်
ကြားထဲက ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဒီကားမှာ Matt Damon က အမတ်လောင်း David Norrid အဖြစ်သရုပ်ဆောင်ထားတာပါ။
ဘဲလေး ကချေသည် ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့ပြီး သူ့ရဲ့ ဘဝပြောင်းလဲသွားမှာလား၊
နောက်ကွယ်က သဘာဝလွန်အဖွဲ့ကရော ပြောင်းလဲခွင့်ပေးမှာလားဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားပါ။
သာမန်ကားတွေနဲ့ကွဲထွက်စေတဲ့အချက်ကတော့ အချစ်ရေးနဲ့ သဘာဝလွန်ကိစ္စရပ်တွေကို လက်တွေ့ကျကျ သိပ္ပံနည်းကျအခြအနေတွေနဲ့ဘယ်လိုပေါင်းစပ် တင်ပြထားလဲဆိုတာပါပဲ။
Imdb 7.1 Rotten tomato 72%တောင် ရထားတဲ့ကားမို့လို့ အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူးရှင့်(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ မမ Shocking Pink  ပဲဖြစ်ပါတယ်)

File size…(600 MB)
Quality…720p Bluray
Format…mp4
Duration….01:46:30
Subtitle….Myanmar Subtitle (Hardsub)
Translator… Shocking Pink
Encoder…. Thanhtike Zaw

Download Here (600 MB) Pcloud Link
Download Small File Size (300 MB) Pcloud Link 

Drishyam (2015)



IMDb (8.7/10)…Rotten Tomatoes (100%)ဒီဇာတ်ကားကတော့ မိတ်ဆွေတို့ရဲ့ ခံယူချက်တွေ အသိအမြင်တွေကို ဗြောင်းဆန်စေမယ့်ဇာတ်ကားပါ။
အသိဥာဏ်တွေကို ဇဝေဇဝါအဖြစ်စေဆုံးကတော့ အမှန်နှစ်ခု ထိပ်တိုက်တွေ့ဆုံလာတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။
ဒီဇာတ်ကားမှာ………
မင်းသားကြီး A Jay Drvgn က လေးတန်းပဲအောင်တဲ့ မဟုတ်မခံ ရိုးသားကြိုးစားသူ…..
သူက အသိပညာကို သူ့အလုပ် Cable ရုပ်ရှင်လိုင်းက ရုပ်ရှင်ဇာတ်ကားတွေကြည့်ပြီး ရှာဖွေတတ်သူ။
တစ်နေ့မှာတော့ သူ့သမီးလေးရဲ့ မဖွယ်မရာ ဗွီဒီယိုကို လူတစ်ယောက်က ရိုက်ကူးပြီး သူ့သမီးနဲ့ သူ့မိန်းမကို အကြပ်ကိုင်ပါတော့တယ်။ဒီမှာပဲ လူသတ်မှုတစ်ခု မရည်ရွယ်ဘဲ ဖြစ်ပေါ်လာပါတယ်။
ဒီလူသတ်မှုမှာ သူ့မိသားစုကို ကာကွယ်ဖို့ မင်းသားကြီး A Jay က သူသိထားတဲ့ အသိပညာကုန်ထုတ်ပြီး ကြိုးစားပါတော့တယ်။ ဒီအမှုမှာ သူရင်ဆိုင်ရမယ့် လူက ပေါ့သေးသေးပါပဲ။
ဘယ်သူလဲဆိုတော့ ထောက်လှမ်းရေးက ရဲချုပ်ပါ။ရဲချုပ်က ပါစင်နယ်အရရော တာဝန်အရရော ပင်ကိုသဘောအရရော ဒီအမှုကို ရေကုန်ရေခန်းလိုက်မှာပါ။
ရဲချုပ်အဖြစ် မင်းသမီး တဘူးက ခပ်ထည်ထည်သရုပ်ဆောင်ထားပြီး သူက ၄ တန်းအောင်လူနဲ့ ပြိုင်မှာပါ။
၎ တန်းပဲအောင်ထားတဲ့ လူကလဲ ခပ်ပေါ့ပေါ့တော့ မဟုတ်ချေ။ သူက ရုပ်ရှင်ဇာတ်ကားတွေကို နေ့ညမပြတ် တောက်လျှောက်ကြည့်နေတဲ့ ရုပ်ရှင်တွေကနေ အသိပညာ အမြင်ဗဟုသုတတွေကို စဉ်ဆက်မပြတ် သောက်သုံးနေတဲ့လူ။ ဒီလိုလူနှစ်ယောက်ရဲ့ အမှန်နှစ်ခုက
မိသားစုအရပါ ထိပ်တိုက်တွေ့လာတဲ့အခါ…………..။
အင်မတန့်ကို စိတ်ဝင်စားစရာဇာတ်ကားဖြစ်ပါတယ်။
ဇာတ်ကားအစကတည်းက ဇာတ်ရှိန်တက်လာတာ ဇာတ်လမ်းသာ ပြီးသွားတယ်။ ဇာတ်ရှိန်က မကျသေးဘဲ
ရင်ဘတ်ထဲမှာ ခိုးလို့ခုလု တစ်လစ်ကြီး ကျန်နေခဲ့ပါတယ်။ ဒါရိုက်တာကလဲ ဇာတ်ရှိန်ကိုတောက်လျှောက်တင်ချင်လို့ ထင်ပါတယ်။ Bollywood ရဲ့ အကတွေတောင် မထည့်ထားပါဘူး။
ဒီနှစ်ထဲ ထွက်ရှိပြီးသမျှ Bollywood ဇာတ်ကားထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားပါပဲ။
Rating တွေအနေနဲ့လဲ IMDb (8.8/10) နဲ့ Rotten Tomatoes (100%) ထိရရှိထားပါတယ်။
ဒီဇာတ်ကားကိုကြည့်ပြီး မေးခွန်းထုတ်စရာတွေ များပြားသွားပါတယ်။ ဘယ်သူ့ကိုမှ မေးခွန်းထုတ်ချင်တာမဟုတ်ပါဘူး….ကိုယ့်ဖာသာကိုယ်မေးခွန်းထုတ်ချင်တာပါ။
ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားပါ။ လုံးဝလက်လွတ်မခံသင့်ပါဘူး။
ကျွန်တော်ဒီဇာတ်ကားကို မိတ်ဆွေတို့ကိုကြည့်စေချင်တဲ့အကြောင်းရင်းလဲ ရှိပါတယ်။ အဲ့ဒါကတော့ ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ်မှုမှာ တရားရုံးက သက်သေမခိုင်လုံဘဲ သံသယတရားခံကို သေဒဏ်အထိပြစ်ဒဏ်ချထားတာကို ဘဝင်မကျနိုင်လို့ပါ။
ဒီဇာတ်ကားထဲက ထုတ်နုတ်မှုတစ်ခုကို တင်ပြရရင်……
“အပြစ်ရှိတဲ့လူလို့ သတ်မှတ်ရမယ့် သက်သေမရမချင်း …..အပြစ်ရှိရင်တောင်
အပြစ်ပေးလို့မရဘူးလို့ ဥပဒေက အခိုင်အမာ အဓိပ္ပါယ်ဖွင့်ဆိုထားတာပါပဲ။

File size…(1.1GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:43:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung


Download and Watch 720p HD
Download and Watch 360p Small File(500MB)

Risen (2016) မြန်မာစာတန်းထိုး


ကဲ ဒီညအတွက်ကတော့ ရောမခေတ် AD 33 လောက်ကိုအခြေခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါ့ရစေဇကားလေး ကတော့ အေဒီ ၃၃ မှာ Bible လာ ဗျာဒိတ်တစ်ခုကြောင့် ဖြစ်လာတဲ့ပြန်လည်ရှင်သန်ထမြောက်ခြင်းဆိုတဲ့ ကောလဟာလတစ်ခုကိုအဖြေရှာဖို့ ရောမ စစ်သူကြီးနဲ့ သူ့တပည့်တို့ဟာပြန်လည်ရှင်သန်ထမြောက်လာမဲ့ ခန္ဓာကိုယ် အပိုင်းအစတစ်ခုကို ပြန်လည်ရှာဖွေဖို့ လိုက်လံစုံစမ်းကြရာမှတကယ်ပဲ တွေ့ရှိပြီး အဖြစ်မှန်ကို ဖော်ထုပ်နိုင်မလားဗျာဒိတ်တောင်ကကော မှန်ကန်မှုရှိနေသလားကိုပရိတ်သတ်ကြီးကပဲ ဆက်လက် ကြည့်ရှူလိုက်ပါတော့ဗျာ(စကားကျွင်း – ကျတော်လဲ ဇာတ်ကားကိုကြည့်ပြီး သိပ်နားမလည်တာကြောင့် နားလည်သလိုရေးထားတာမို့အမှားပါရင်ခွင့်လွှတ်ပေးကြပါဗျာ)

Download VIP Link

Download Large FileSize On Pcloud

Download Small File Size On Pcloud

Brooklyn (2015)



ဒီတစ်ခါတော့ 2015 ခုနှစ်ရဲ့ အော်စကာတန်းဝင်…ရုပ်ရှင်ထူးချွန်ဆုများစွာ ရရှိထားတဲ့ အချစ် ဒရာမာကားလေးနဲ့မိတ်ဆက်ပေးပါရစေ ။ဒီဇာတ်ကားလေးကို မကြည့်ရသေးတဲ့သူ ဒရာမာ အချစ်ကားနှစ်သက်သူတွေဆိုရင်တော့
လုံးဝကြည့်သင့်ကြောင်း တိုက်တွန်းပါရစေ။
ဇာတ်လမ်းကို 1950 ခုနှစ်မှာ အခြေတည်ထားပြီး အဲ့ဒီ့အငွေ့အသက် ဒီဇိုင်းသွင်ပြင်သံစဉ်တွေက ဇာတ်လမ်းကို အတော်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဇာတ်လမ်းကတော့ အိုင်ယာလန်နိုင်ငံကနေ
အလုပ်ကိုင်အဆင်မပြေလို့ အမေရိကန်ဘရွတ်ကလင်းမြို့ကို ပြောင်းရွေ့နေထိုင်ဖို့
ရောက်လာတဲ့ အိုင်းရစ်သူလေးတစ်ယောက်အကြောင်းပါ။ သူမရဲ့ နှလုံးသားနဲ့ ဘဝအကြောင်းကို ခံစားမှုရသစုံလင်စွာ အနုပညာရသမြောက်စွာ တင်ဆက်ထားပါတယ်။
ဒီဇာတ်ကားဟာ အပြင်လောကမှာ ဖြစ်ပျက်တတ်လေ့ရှိတဲ့
အကြောင်းအရာကို သဘာဝအတိုင်း အပိုအလိုမရှိ ရိုက်ပြထားတာဖြစ်လို့ ဇာတ်လမ်းက သဘာဝကျကျနဲ့ ကြည့်လို့ကောင်းတဲ့ အချစ်ဒရာမာ ကားလေးတစ်ကားဖြစ်ပါတယ်။
IMDB  (7.5/10) ရရှိထားပြီး Rotten Tomatoes မှာလည်း (97 %)  ထိရထားလို့ တကယ်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ကားပါလို့ပြောပါရစေ …။(Poe Thinzar Kyaw မှခံစားတင်ဆက်ထားတာပါ။)

File size…(900MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….01:51:58
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p and 360p (VIP Link)

Download 720p HD (900MB)

Download 360p(320MB)

Cyborg She မြန်မာစာတန်းထိုး


လွန်ခဲ့တဲ့ ၂ နှစ် ၀န်းကျင်လောက်က ပြန်ခဲ့တဲ့ ကျွန်တော့်ရဲ့ပထမဆုံးသော မြန်မာစာတန်းထိုး ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်..ကြိုက်လွန်းလို့ကိုမရမကပြန်ရှာပြီးဘာသာပြန်ပေးရတဲ့ဇာတ်ကားလေးဖြစ်သလိုဘာသာပြန်ပိုး ၀င်သွားတာလည်းဒီဇာတ်ကားကြောင့်ပါ..ကဲ..ကြည်နူးဖို့ကောင်းတဲ့ဂျပန်ဇာတ်ကားလေးရဲ့ အညွှန်းကိုဖတ်ကြည့်ရအောင် IMDb Rate ကလည်း 7.0 အထိရထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်ကြောင်းလည်းညွှန်းလိုပါတယ်..ပြန်ဒေါင်းပြီးသိမ်းထားကြပါ
ဇာတ်လမ်းအညွှန်း
အချိန်ခရီးသွားပြီးပြန်လည်တဲ့ စက်ရုပ်မလေး ဟာ 2008 ခုနှစ်က ဂျီရို ဆီကို လာပြီး ဂျီရိုဖြစ်လာမယ့် အန္တရာယ်တွေကြားမှာ ပြန်ကယ်..ဖြစ်လာမယ့်စိတ်ထိခိုက်စရာတွေကိုလိုက်လံဖယ်ရှားပြင်ဆင်ပေးရင်ကနေ..ဂျီရိုတစ်ယောက် စက်ရုပ်မလေးအပေါ်ကိုသံယောဇဉ်တွေ တွယ်လာပါတယ်..စက်ရုပ်တစ်ရုပ်ကို ချစ်မိတဲ့ ဂျီရို ..နှလုံးသားဆိုတာမပါပဲ..စက်ချည်းသက်သက်သာဖြစ်တည်နေတဲ့ စက်ရုပ်မလေးဒီ၂ဦးကြားမှာဘာတွေဖြစ်မလဲ..အချစ်ဇာတ်လမ်းတွေဘယ်လိုရှေ့ဆက်မလဲဆိုတာကြည့်လိုက်ဦးနော်..ဇာတ်သိမ်းမှာလည်းသပ်ရပ်စွာသိမ်းသွားပြီး..ဘယ်လိုမှမထင်ထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်..အကြိုက်ဆုံး ဂျပန်ကားတွေထဲက တစ်ကားလို့သာဆိုပါရစေ

Quality : 720p |
Subtitle : Myanmar Subtitle ( Hardsub ) |
Translated By LK |Encoded By LK |

Download Filesize ( 603 MB ) – Pcloud Link |
Download HD or Small File From Vip Link ( Direct Download ) |

SPL: Kill Zone (2005) မြန်မာစာတန်းထိုး




4 win နဲ့ 2 nomination ရထားတဲ့ ဟောင်ကောင်အက်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသား တွေက လည်း နာမည်ကြီး မင်းသားတွေဖြစ်လို့ ပရိတ်သတ်ကြီးနဲ့မစိမ်းပါဘူး
ဇာတ်လမ်း အကျဉ်းလေးက အနားယူထားတဲ့ ရဲစုံထောက် ဟောင်းလီ နဲ့ သူ့အဖွဲ့ကို
အရင်က သူဖမ်းပြီးထောင်ချခဲ့ လူဆိုးဂိုဏ်းကအကွက်ကျကျ နဲ့စီမံပြီးလုပ်ကြံသတ်ဖြတ်ရာမှ
ဘယ်လိုတွေများ ကြုံတွေ့ပြီး လူဆိုဂိုဏ်းကိုကော ဖမ်းဆီးနိုင်ပါ့မလား ဆိုတာတွေကို ဆက်လက်ကြည့်ရှု့ရမှာဖြစ်ပါတယ်
သည်းထိပ်ရင်ဖို အသတ်အပုတ်ခန်း တွေက ဟောင်ကောင်ကားတွေ ရဲ့ ထုံးစံအတိုင်း
မျက်တောင်မခတ်တန်း ကြည့်ရမှာမို့အခုပဲ ဒေါင်းပြီးပိတ်ရက်မှာ မိသားစုနဲ့အတူတူ ကြည့်လိုက်ပါအုံးဗျာ

File size…(850 MB)
Quality…720p Bluray
Format…mp4
Duration….01:33:30
Subtitle….Myanmar Subtitle (Hardsub)
Encoder…. Thanhtike Zaw


Download Full HD (850 MB)

HandMaiden 21+(2016) မြန်မာစာတန်းထိုး


Rating အမြင့်စား ကိုရီးယား ကားတစ်ကားကို ပိတ်ရက်အတွက်တင်ပေးလိုက်ပါတယ်
ဒီဇာတ်ကားက Adult Section မှာ IMDb Rating 8.0 ကျော်တာကြောင့် တမူထူးခြားနေတဲ့
၁၈+ တကားဆိုတာကိုတော့ ပရိတ်သတ်ကြီး ကြည့်သင့်မကြည့်သင့်ကို ပရိတ်သတ်ကြီးကပဲ ဆုံးဖြတ်လို့ရပါတယ်ပြီးတော့ 1 Wins & 4 Nomination ဆိုတော့ ဘာပြောကောင်းမလဲဗျာ
ဇာတ်လမ်း အကျဉ်းလေးကတော့ ၁၉၃၀ ကာလ ကိုရီးယားမှာ ဂျပန်တွေကြီးစိုးနေတဲ့အချိန်ကို
ရိုက်ကူးထားပြီး ဆင်ခြေဖုံးရပ်ကွက်တခုက မိန်းမချောလေး ဆိုကီးဟာ တနေ့မှာ ဂျပန်အမျိုးသမီးလူကုံထံတယောက်ရဲ့
အိမ်ဖော်အဖြစ်ငှားရမ်းခြင်းကိုခံရပြီး အစေခံအဖြစ်သွားရောက်လုပ်ကိုင်ခဲ့ပါတယ်
ဂျပန်လူကုံထံအမျိုးသမီး ဟီဒီကို ဟာ စည်းကမ်းကြီးပြီး စနစ်ဇယားကြီးသူတယောက်ဖြစ်ပြီး သူ့ရဲ့ အစေခံ ကောင်မလေးက
ရဲ့မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက် တစ်ခုက ခါးပိုက်နှိုက်တယောက်ဖြစ်ခဲ့ဖူးပြီး တရားရုံးတင်ခံရတုန်းကစ စမူအကြိုက်ဂျပန်တရားသူကြီးက ကောင်မလေးကို ဗလက္ကာယ လုပ်ပြီး ပိတ်လှောင်ခံခဲ့ရဖူးတာပါပဲဒီလိုနဲ့ တနေ့မှာ ဟီဒါကိုက သိသွားရာမှာသူတို့ ၂ယောက် ဘယ်လိုတွေစီစဉ်ပြီး ဘယ်လိုတွေများ ဆက်လတ်လှုပ်ရှားကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ
ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ ဒီဇာတ်ကားဟာဆို မိန်းမချင်းချစ်ကြိုက်ခန်းတွေ ၊ BDSM လို အခန်းမျိုးတွေသောက်ကျိုးနည်း မနည်းနနောကြီး ပါနေတာကြောင့် ပရိတ်သတ်ကြီး အနေနဲ့
မိသားစုနဲ့ မကြည့်ရှူသင့်တာကိုတော့ သတိချပ်စေခြင်ပါတယ်
ဘာသာပြန်သူကတော့ မျိုးမြင့်မောင် ပဲဖြစ်ပါတယ် ကျိုင်းဇူးတင်ပါတယ်

Download On Google Drive
Download On Pcloud Large File Size
Download On Pcloud Small File Size

Jinn မြန်မာစာတန်းထိုး



ကဲ ပုရိတ်သတ်ကြီးတို့အတွက် မှော်ကားလေးတစ်ကားနဲ့ မိတ်ဆက်
ပေးပါရစေ။ Horror စာရင်းထဲသွင်းထားသော်လည်း ကြောက်လန့်စရာ
သိပ်မပါပဲ မှော်အစွမ်းတွေပဲပါနေတာမလို့ မှော်ကားလို့ပြောလိုက်ပါရစေ။
ဂျင် တွေဆိုတာနဲ့ Supernatural ဇာတ်လမ်းတွဲတွေကြည့်ဖူးသူတွေ
သိကြမှာပါ။ ဂျင်တွေဆိုတာ တကယ်ရှိခဲ့တယ်လို့ အယူအဆတွေကို
အင်တာနက်စာမျက်နှာတွေမှာ အကိုးအကားတွေနဲ့ အကျယ်တ၀င့်
ဖေါ်ပြထားတွေ ရှာဖတ်ကြည့်လို့ရပါတယ်။ ဂျင်ဆိုတာလည်းအမျိုးကွဲ
တစ်ခုပါပဲ သူတို့ထဲမှာဆိုးသူတွေရှိသလို ကောင်းသူတွေလည်းရှိနေပါတယ်။
ဆိုးသူနဲ့ ကောင်းသူဆိုတာအမြဲဒွန်တွဲနေပြီးအမြဲ ယှဉ်ပြိုင်နေရတာလေ….။ရှောင်က သာမညလေးပါ ကားဒီဇိုင်းတွေထုတ်ပေးရတဲ့အလုပ်လုပ်ပါတယ်။
တစ်နေ့မှာတော့ မမျှော်လင့်ပဲ ပါဆယ်တစ်ခုရောက်ရှိလာပါတယ်
အဲဒါကသူ့ဘ၀ကြီးအတွက်အရေးကြီးသတင်းအချက်လက်တွေယူဆောင်လာတာပါ။
တကယ်တော့ ရှောင်တို့တစ်ဆွေမျိုးလုံးက ဂျင်တွေရဲ့ဗျာဒိတ်နဲ့ ပက်သက်နေပြီး
ဂျင်တွေကသဲကြီးမဲကြီး မရမက လိုက်ရှာပြီးအဖျက်ဆီးခံနေရတာပါ…
ရှောင်တစ်ယောက် သူရရှိထားတဲ့သတင်းအချက်လက်တွေ ဘယ်လိုသုံးမယ်…
ဘယ်သူတွေက သူ့ဘက်မှာတည်ရှိနေပြီး ဘယ်သူတွေက လိုက်ဖျက်ဆီးမယ်
ဆိုတာကိုတော့ ပုရိတ်သတ်ကြီးကပဲ ဆက်လက်အားပေးကြပါ(ဘာသာပြန်နဲ့ အညွှန်းရေးသူကတော့ Aye Min Ooပဲ ဖြစ်ပါတယ်)

File Size : 696Mb
Quality   : HD 720P
Quality   : HD 360P
Running Time : 1h 37m
Translated       : Aye Min Oo
Encoded           : seniorKaung

Download and watch via pCloud

Stomp the Yard-1 – မြန်မာစာတန်းထိုး



ဇာတ်လမ်းအကျဉ်းလေးကိုအနည်းငယ်ပြောရမယ်ဆိုရင် Christ Brown ကိုတော့လူတိုင်း သိပြီးသားဖြစ်ကြမှာပါ။ ဒီဇာတ်ကားမှာတော့ Dance ကိုရူးသွပ်တဲ့ ညီကိုနှစ်ယောက် Street Dance တစ်ခုမှာ လောင်းကြေးနဲ့ပြိုင်ရင်း သိပ်ချစ်ရတဲ့ ညီတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီးနောက် . . . DJ တစ်ယောက်အခက်ခဲတွေရင်ဆိုင်ရင်းကျောင်းပြောင်းခဲ့ရပါတယ်။ ကျောင်းအသစ်မှာတော့ သူလုပ်ခဲ့တဲ့ Street Dance နဲ့ Step Dance ဆိုတဲ့ကကွက်တွေ Team Work တွေကွဲပြားလာတာကိုကြည့်ပြီး ဘာတွေဆက်ဖြစ်မလဲ . . . National အဆင့်ပြိုင်ပွဲ အထိ သူ့ညီရဲ့အိပ်မက်တွေ အကောင်ထည်ဖော်မလား . . .
ကကွက်အဆန်းတွေနဲ့ဘယ်လို လုပ်ဆောင်သွားတယ်ဆိုတာ . . .
ပြသသွားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Translator အသစ်လေး Moe Myint Lwin ဖြစ်ပါတယ်။)
@SanWinMaung

File Size                          : 750 Mb
Quality                            : HD 720P
File Size 2                       : 350 Mb
Quality                            : HD 360P
Running Time                  : 1h 49m
Translated                       : Moe Myint Lwin
Encoded                         : San Win Maung


Download and Direct Watch HD 720P
Download and Direct Watch HD small file 360P

It follow – မြန်မာစာတန်းထိုး



ရည်းစားဟောင်းရဲ့ ကျိန်စာ . . .
Jay ဆိုတဲ့ ကောလိပ်ကျောင်းသူလေးတစ်ယောက်. . .
သူမရဲ့ရည်းစားနဲ့ ချိန်းတွေ့ပြီးအပျိုစင်ဘဝကိုပေးလိုက်တာဟာ
သူမအတွက် ဒုက္ခတွေကိုလက်လွှဲယူလိုက်ရသလို . ကျိန်စာဆိုးနဲ့ကြုံတွေ့ခဲ့ပြီး
သူမရဲ့ညီမနဲ့ သူငယ်ချင်းတစ်စုဒီပြသနာကိုအဖြေဘယ်လိုရှာကြမလဲ . . .
ပြီးတော့ နောက်ကလိုက်နေတဲ့လူ . . . အဲ့ဒီလူဟာဘယ်သူနဲ့မဆိုတူနေနိုင်တယ်။
သင့်ဘေးနားမှာထိုင်နေတဲ့ သင့်သူငယ်ချင်းနဲ့တောင်တူနေနိုင်တယ်။
အဲ့ဒါကရောဘာလဲဆိုတာတွေစုပြုံနေတဲ့ ဇာတ်ကားလေးပါ။ Horror Movieကိုကြိုက်နှစ်သက်သူတွေ
အကြိုက်တွေ့စေမယ့်ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။
IMDb rating 6.9/10 ထိရရှိထားတဲ့ ဒီ Horror Movie လေးကို ဒီနေ့အတွက်တင်ဆက်ပေးလိုက်ပါပြီ။
(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Moe Oo Mann ဖြစ်ပါတယ်။)

File Size                          : 700 Mb
Quality                            : HD 720P
File Size 2                       : 350 Mb
Quality                            : HD 480P
Running Time                  : 1h 40m
Translated                       : Moe Oo Mann
Encoded                         : San Win Maung

Download and Direct Watch HD720P

Children of Heaven




မိတ်ဆွေတို့ဘ၀မှာ ပထမဆုရလို့ ၀မ်းနည်းဖူးပါသလား???
ရှိမယ်မထင်ပါဘူး…။
ဒါပေမယ့် ….
ဒီကားလေးမှာတော့ ပထမဆု ရလို့ ၀မ်းနည်းပက်လက်ဖြစ်သွားရှာတဲ့
ကလေးတစ်ယောက်အကြောင်းကို ကြည့်ရှုကြရမှာပါ…။IMDB Rating 8.4 ထိ ရရှိထားတဲ့
အီရန်-ဒရာမာ ဇာတ်အေးကားလေး တစ်ကားဖြစ်ပါတယ်။
အော်စကာ ၁-ဆုအတွက် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး
နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်း ၁၃-ဆု ရရှိအောင်မြင်ထားတဲ့
ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်….။အလွန်တရာ ရိုးရှင်းလှတဲ့ ဇာတ်ကားလေးတစ်ကားဆိုပေမယ့်
ကျွန်တော်ကတော့ ကြည့်ရင်းနဲ့ ရင်နင့်အောင်ခံစားခဲ့ရပြီးတော့
နိုင်ငံတကာ ရုပ်ရှင်ချစ်ပရိတ်သတ်အပေါင်းကလည်း
ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် တစ်ညီတစ်ညွတ်တည်း
ညွှန်းဆိုထားတဲ့ ဇာတ်ကားလေးဖြစ်လို့
ပရိတ်သတ်တွေဆီ အရောက် တင်ဆက်ပေးလိုက်ပါတယ်…။
ပိုစတာပါ ဖိနပ်လေးတစ်ရံအကြောင်းကိုတော့ လျှို့ဝှက်ခဲ့ပါရစေ…ဒီဇာတ်လမ်းကို ဘာသာပြန်သူကိုယ်တိုင်က မျက်ရည်စက်လက်ရေးခဲ့တယ်လို့ဆိုပါတယ်။ ဘာသာပြန်နဲ့အညွှန်းရေးပေးသူကတော့ CM Team မှ Sherlock Homes ပဲဖြစ်ပါတယ်။)@San Win Maung

Download and Direct Watch HD 720P
Download and Direct Watch Small

Sex and Zen 2 18+



1991 ကထွက်ထားတဲ့ Sex and Zen ကိုမှီငြမ်းပြီး ထပ်မံရိုက်ကူးထားတာပါ။မင်းသမီး Shu Qi နာမည်မကြီးခင်က သရုပ်ဆောင်ခဲ့တဲ့ Erotic ဇာတ်ကားတွေထဲက တစ်ကားပါ။မင်းသမီး Shu Qi နဲ့ ဇာတ်ဆောင် Elvis Tsui တို့ကြောင့်နာမည်ကြီးပါတယ်။
Uncut Version ကိုစာတန်းထိုးထားလို့ အရွယ်မရောက်သေးသူများမကြည့်သင့်ပါ။

File size…(800MB)
Quality…BR-Rip 720p
Format…mp4
Duration….01:28:34
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung


Download and Watch 720p and 360p (VIP Link)
(or)
Download 720p HD (800MB)
Download 360p(320MB)

Sex and Zen 18+




ဟောင်ကောင် Erotic , Comedy ဇာတ်ကားဖြစ်ပါတယ်။Uncut Version ကိုစာတန်းထိုးထားတာမို့လို့ အရွယ်ရောက်ပြီးသူများသာကြည့်သင့်ပါတယ်။နောက်ဆက်တွဲတွေထွက်ထားပါသေးတယ်…

File size…(800MB)
Quality…BR-Rip 720p
Format…mp4
Duration….01:34:07
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung


Download and Watch 720p and 360p (VIP Link)
(or)
Download 720p HD (800MB)
Download 360p(330MB)

Vigilante Diaries (2016) မြန်မာစာတန်းထိုး



Vigilante Diaries ဇာတ်ကားက Rating 5.3 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
၉၀ပြည့်နှစ်များက သူရဲကောင်းတွေနဲ့ ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကြမ်းပါဒီဇာတ်ကားမှာ လျှို့ဝှက်စစ်ဆင်ရေးလုပ်တဲ့ အေးဂျင့်တွေဟာ ရာဇဝတ်သားဘဝကိုရောက်သွားတဲ့ ပုံမျိုးတင်ဆက်ထားတာပါ
ရသစုံစုံလင်လင် ခံစားရမှာဖြစ်တဲ့အတွက် ထွေထွေထူးထူး ပြောနေစရာမလိုလောက်အောင် ကောင်းတဲ့ကားလေးပါJason Mewesနှင့် Paul Salonတို့ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာကတော့ Christian Sesmaဖြစ်ပါတယ်(ဇာတ်လမ်း အညွန်းကိုတော့ မမ Bommy Chan မှရေးပေးထားတာဖြစ်ပါတယ်)

File size…(750 MB)
Quality…720p Bluray
Format…mp4
Duration….01:48:30
Subtitle….Myanmar Subtitle (Hardsub)
Encoder…. Arkar Phyo

Download Here (750 MB)

The Little Prince (2015) မြန်မာစာတန်းထိုး




စည်းကမ်းတိကျတဲ့အမေတစ်ယောက်ရဲ့လက်အောက်မှာ
ထိန်းချုပ်ခံကလေးတစ်ယောက်ရဲ့ခံစားချက်၊ပုံစံခွက်ထဲမှာနေသားကျနေတဲ့ သူမဘဝ၊တစ်နေ့တော့ ထူးဆန်းတဲ့ အိမ်နီးနားချင်းအဖိုးကြီး တစ်ယောက်နဲ့တွေ့ပြီး ထူးဆန်းတဲ့ကမ္ဘာတစ်ခုရှိမှန်းသိလာရတော့တယ်။အဲ့ဒီကမ္ဘာလေးထဲက မင်းသားလေးနဲ့
တခြားလူတွေရဲ့စရိုက်၊ ကလေးတစ်ယောက်ရဲ့လွတ်လပ်ခွင့် စိတ်ကူးစိတ်သန်း၊ မျှော်လင့်ချက်မပါတဲ့ အချစ်၊အဖိုးကြီးတစ်ယောက်နဲ့ ကလေးငယ်လေး တစ်ဦးကြားက သံယောဇဉ် မေတ္တာ …စတာတွေကိုအချိတ်အဆက်မိမိ ပုံဖော်ထားလို့ ငြီးငွေ့စရာ သာမန်ကာတွန်းကားတစ်ခုမဟုတ်ဘူးပဲ ဆိုပါရစေ။Imdb rating ကလဲ 7.8 မို့ကြည့်သင့်တဲ့ကားတစ်ကားလို့ အာမခံပါတယ်။(ဇာတ်လမ်းအညွန်းကိုတော့ Shocking Pink မှရေးပေးထားတာ ဖြစ်ပါတယ်)

File size…(840MB)
Quality…720p Bluray
Format…mp4
Duration….01:48:30
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw


Download Here (840 MB)
Small File Size (420 MB)

Traffic (2016) မြန်မာစာတန်းထိုး



ဒီနှစ်မှထွက်တဲ့ ဘောလိဝုဒ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ
ဒီကားထဲမှာတော့ ပရိတ်သတ်တွေသိလောက်တဲ့ တော်တော်ကြီးကို ရင်နှီးနေမယ့် မင်းသား မင်းသမီးတွေပါဝင်ထားပါတယ်
ဒီကားက တကယ်တော့ ချင်းနိုင်မှာဖြစ်ပျက်ခဲ့တဲ့ အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ချားသွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါဇာတ်လမ်းအကျဉ်းကတော့ ရှင်းပါတယ်
နာမည်ကြီးစူပါစတားတစ်ယောက်ရဲ့ သမီးလေး နှလုံးရောဂါဖြစ်လို့ ခွဲစိတ်ကုသရတော့မယ့် အချိန် နှလုံးအစားထိုးဖို့ရှာနေတဲ့အချိန်
သူနဲ့ကိုက်တဲ့နှလုံးရလာတော့ အချိန်ကလည်းကပ်နေပြ ဘယ်လိုမှပို့ပေးလို့မရတဲ့အချိန်မှာ
တစ်နာရီကို ၁၂၀ကီလိုနှုန်းနဲ့ ကမ္ဘာပေါ်မှာ အရှုပ်ဆုံးလမ်းတွေထဲတစ်ခုဖြစ်တဲ့ မွန်ဘိုင်းလမ်းတွေပေါ်မှာ မောင်းရဖို့ ကြုံလာတော့အခါ…ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဒီကားကပေးသွားတဲ့ အတွေးလှိုင်းဂယက်တွေကိုတော့ ချုပ်ထိန်းလို့မရစေရဘူးလို့ အာမခံနိုင်ပါတယ်
တွေးစရာတွေ plot တွေ အများကြီးချန်သွားခဲ့တဲ့ ကားကောင်းတစ်ကားပါလို့…(ဇာတ်လမ်းအညွန်းကိုတော့ ရဲခန်.မင်းမှ ရေးပေးထားတာဖြစ်ပါတယ်)
File size…(800MB)
Quality…BR-Rip 720p
Format…mp4
Duration….01:44:56
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw

Download Here (800MB)
Download Small File Size (400MB)

The Garden of Words မြန်မာစာတန်းထိုး



2013 ထွက် ဂျပန် Anime ကောင်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ IMDb 7.3 နဲ့ Romance Drama အမျိုးအစားလေးပါ။ ဇာတ်လမ်းကတော့ ၁၅ နှစ်အရွယ် ဖိနပ်ချုပ်သမားလေး တစ်ယောက်ဟာ မိုးရွာတဲ့ မနက်ခင်းတွေမှာ ပန်းခြံတစ်ခုထဲမှာ ၂၇ နှစ်အရွယ် ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမြဲတစေ တွေ့ဆုံမိတတ်ပါတယ်။ ဖိနပ်ချုပ်သမားလေး Takao ဟာ မနက်ခင်း အတန်းတွေကိုလစ်ပြီး ဖိနပ်ဒီဇိုင်းထွင်ဖို့ လာနေခဲ့သလို အမျိုးသမီးလေး Yukino ဟာလည်း သူ့ပြဿနာတွေကြောင့် အလုပ်ကို ရှောင်တိမ်းရင်း လာနေခဲ့ကြတာပါ။ Takao ဟာ သူ့နှစ်သက်တဲ့ ဖိနပ်ပြုလုပ်ချင်း ပညာကို မျှဝေခံစားရင်း သူ့အတွက် ဖိနပ်တစ်ရံလုပ်ပေးဖို့တောင် ပြောခဲ့ပေမယ့် Yukino ကတော့ သူ့အကြောင်း ဘာမှဖွင့်မပြောပြခဲ့ပါဘူး။ တစ်နေ့မှာတော့ Takao တစ်ယောက် Yukino ရဲ့ ဘ၀ကို သိသွားတဲ့အခါ…….

File size…(650MB)
Quality…BR-Rip 720p
Format…mp4
Duration….00:46:56
Subtitle….Myanmar Subtitle (Hardsub)
Encoder….Thanhtike Zaw

Download Here (650 MB)
Download Small File Size (330MB)

Mechanic Resurrection (2016)




အားလုံးမျော်လင့်စောင့်စားနေတဲ့ ဇာတ်ကားလေးတစ်ကားတော့ ပရိသတ်ရှေ့မှောက်ကို ပို့ပေးလိုက်ပါပြီ။ မက္ကင်းနစ်လို့ဆိုလိုက်တာနဲ့    ဂျေဆန်စတေသန်ကို အားလုံးပြေးမြင်မိကြမှာပါ။ အပိုင်း၁ကတော့ ထွက်ထားတာ နစ်အနည်းငယ်ကြာခဲ့ပါပြီ။ ကြေးစားလူသတ်သမားတစ်ဦးရဲ့ စွန့်စားမှု၊ ဥာဏ်ကိုလွာသုံးတတ်မှု၊ အကွက်မြင်တတ်မှုကို အတိအကျရိုက်ကူးနိင်ခဲ့တာကြောင့် အပိုင်း၁ဟာ ပရိတ်သတ်တွေအားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။ ခုတော့ပရိတ်သတ်တွေမျှော်လင့်နေတဲ့ မက္ကင်းနစ်အပိုင်း၂ကို ပရိတ်သတ်တွေဆီ အရောက်ပို့ပေးလိုက်ပါပြီ။ ဘယ်လောက်ပဲသွေးအေးတဲ့ လူသတ်သမားဖြစ်လင့်ကစား အချစ်အတွက်ဆိုရင် ဘာမဆိုလုပ်ရဲတဲ့ ဇာတ်ကောင်ဘစ်ရှော့အဖြစ် ကျွန်တော်တို့ရဲ့ ဟီးရိုးကြီးကိုမြင်တွေ့ရမှာပါ။ မိမိချစ်တဲ့မိန်းကလေးကို ဓါးစားခံလုပ်ပြီး အလွန်ပင်အာဏာကြီးမားတဲ့ ဒုစရိုက်ခေါင်းခေါင်းဆောင်၃ဦးကို လုပ်ကြံခိုင်းတဲ့အခါမှာ ဘစ်ရှော့ဘာတွေလုပ်မလဲ? ထိုဂိုဏ်းခေါင်းဆောင်၃ဦးကို လုပ်ကြံဖို့ ဘာတွေကြံစည်မလဲ? တစ်ကျွန်းကျနေသည့် ဂိုဏ်းခေါင်းဆောင်ကိုတစ်ကျွန်းထိလိုက်လံ လုပ်ကြံသည့်ဘစ်ရှော့ရဲ့ စွန့်စားခန်းတွေကို ရင်သပ်ရှုမောဖွယ် မြင်တွေ့ရအုံးမှာပါ။ သေချာပါတယ် ပရိတ်သတ်တွေလက်မလွတ်သင့်တဲ့ ဇတ်ကားကောင်းတစ်ကားလို့ ခိုင်ခိုင်မာမာပြောရဲပါတယ်။

File Size       : 700Mb
Quality         : HDrip
Duration      : 1hr 40 min
Translator   : Soe Htwe
Encoder       : Nyein Saeyar Aung

Download Here (700Mb)
Download Here (340Mb)
(OR)
Direct Watch 720p and 360p(VIP Link)

The Mechanic



အက်ရှင် ဇာတ်ကြမ်းကား နှစ်သက်သည့် ပရိသတ်စိတ်ကြိုက်တွေ့မည့် ဇာတ်ကား ဖြစ်ပါတယ်..။
ခေါင်းဆောင် မင်းသားမှာ Transporter, War, Death Race ဇာတ်ကားတွေထဲက နာမည်ကြီး အက်ရှင်မင်းသား ဂျေဆန်စတက်ဟန် ဖြစ်ပြီး သူနှင့် အတူ
လူငယ်မင်းသား ဘန်ဖော်စတာလည်း ပါဝင်ထားပါတယ်………။
ဒါရိုက်တာမှာ ဆီမွန်ဝက်စ်ဖြစ်ပြီး ကုန်ကျစရိတ် Budget ဒေါ်လာသန်း ၄ဝ အကုန်အကျခံ ထုတ်လုပ်ထားသည့် ဇာတ်ကား ဖြစ်ပြီး ယခုဇာတ်ကားမှာ ၁၉၇၂ခုနှစ်က The Mechanic  ဇာတ်ကားကို ပြန်လည် Remake လုပ် ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။
ထိုစဉ်အခါတုန်းက မင်းသားမှာ ချာလီးစ်ဘရွန်ဆင် ဖြစ်ပါတယ်။
စက်တစ်ခုလို တိကျသေသပ်စွာအသက်ရှင်နေသော လူတစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်….။
IMDb Rating (6.6/10 )ပါ။

File size…(700MB)
Quality…BR-Rip 720p
Format…mp4
Duration….01:27:36
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p HD
(or)
Watch 720p and 360p (VIP Link)

Wazir (2016)



IMDb rating 7.2 ရရှိထားပြီး နာမည်ကြီး မင်းသားကြီး အမီတာဘချမ်း ပါရင်သရုပ်ဆောင်ထားတဲ့ သဲထိပ်ရင်ဖိုမှုခင်းကားတကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်အတွက် top hit movie လို့တောင်ပြောကြတဲ့ အထိအောင်မြင်မှုရခဲ့တဲ့ ဇာတ်ကားတစ်ကားပါဇာတ်လမ်းလေးမတူညီတဲ့ လူ၂ယောက်ရဲ့ စရိုက်ကို ရိုက်ကူးပြထားတာဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ အကြမ်းဖက်တိုက်ဖျက်ရေး နှိမ်နင်းရေးအရာရှိ ဒန်းနစ်ရှ်ဟာ သူ့ဇနီးနဲ့ သာယာတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပြီး တနေ့မှာ သူ့သမီးဖြစ်သူနဲ့ ကားမောင်းပြီး အပြန်လမ်းမှာ သူအရင်ကဖမ်းဆီးခဲ့ဖူးတဲ့ အကြမ်းဖက်ခေါင်းဆောင်က ပြန်လည်လက်စားချေရာမှ သမီးဖြစ်သူ နောရစ်ဟာ သေဆုံးသွားခဲ့ပါတယ် ဒီလိုနဲ့ သူဟာ အဖမ်းစီးခံထားရစဉ်မှာ သူ့ဆရာ အမီတာဘချမ်း (ချက် ချန်ပီယံကြီးက ) သင်ကြားပေးခဲ့တဲ့ တွေးခေါ်စဉ်းစားနည်းတွေနဲ့ ဘယ်လိုကြံဆ မလဲ
သူ့ဇနီး ကကော အကြမ်းဖက်သမားရဲ့ သတ်ဖြတ်လုပ်ကြံမှုကိုခံရမလား
သူ့နဲ့ သူ့ဇနီးတို့ကော ပြန်လည် ပေါင်းစည်းနိုင်ပါ့မလား
ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်
ပရိတ်သတ်ကြီးအနေနဲ့ ဇကားကြည့်နေတုန်း ရေဘူးလေးတော့ ဆောင်ထားနော် ရင်မောရင် ရေလေးသောက်ပြီး အမောဖြေရအောင် 😛
အညွှန်းကို ကသာသားလေးမှ ရေးပေးထားပြီး ကျော်စိုးဟန် မှ Encode ပေးထားပါတယ်..
(သစ်ဆန်းခန့်)

Download Now
Download Small File(520mb)

File size – ( 750MB )
Quality – HD Rip 720P
Format – MP4
Subtitle – Myanmar Subtitle
Encoder – Kyaw Soe Han

The Island မြန်မာစာတန်းထိုး



IMDb Rating (6.9/10) ရရှိထားတဲ့ Action, Adventure, Romance အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။မင်းသား မက်ဂရီဂေါနဲ့ မင်းသမီး စကားလတ်ဂျိုဟန်ဆန်တို့ အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ စိတ်ဝင်စားဖွယ်ရာပါ။Lincoln Six Echo လို့အမည်ရသူဇာတ်ဆောင်မင်းသားဟာ ဘဝသေတစ်ခုမှာ နေ့စဉ်ရှင်သန်မှုတွေကို သံသယဝင်လာပြီးနေထိုင်ကျက်စားရာ တားမြစ်နယ်မြေ ပတ်ဝန်းကျင်ကို လေ့လာမွှေနှောက်တဲ့အခါမှာ နည်းပညာစမ်းသပ်မှုတွေကြောက်လန့်ဖွယ်ရာတွေ ရာဇဝတ်မှုတွေကို သိမြင်လာတဲ့အခါမှာတော့ လွတ်မြောက်ဖို့ ကြိုးစားရင်းသူကိုယ်တိုင်ကိုယ်က ဘဝသေတစ်ခုဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့……….။(Poe Thinzar Kyaw မှခံစားတင်ဆက်ထားပါတယ်။)


File size…(999MB)
Quality…BR-Rip 720p
Format…mp4
Duration….02:15:59
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Download and Watch 720p HD and 360p (VIP Link)
(or)
Download 720p HD(pCloud)

Hello World

Hello world

Hello world

Hello world

San Andreas (2015) မြန်မာစာတန်းထိုး




Channel Myanmar က ပရိတ်သတ်တွေအတွက် The Rock မင်းသားကြီးပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေနဲ့ ရုပ်ရှင်ကား တစ်ကားကို တင်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ IMDb Rating 6.2 ရရှိထားပြီး ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းဆိုလည်း မမှားပါဘူး။

အဖြစ်အပျက်က ဒီဇာတ်ကားမှာ The Rock လို့လူသိများတဲ့မင်းသားကြီးဟာ ကယ်လီဖိုးနီးယား မှာဖြစ်ပျက်သွားတဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြားက အသက်ရှင်ကျန်တဲ့သူတွေကို ရှာဖွေကယ်ဆယ်မဲ့ ရဟတ်ယာဉ်ပိုင်းလော့ တစ်ယောက်ပါ။ ငလျင်ဒဏ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ သူ့သမီးကို သူနဲ့ Ex-wife  ဖြစ်လုဆဲဆဲ ဇနီးနဲ့အတူ မဖြစ်နိုင်တဲ့ စွန့်စားခန်းတွေဖွင့်ပြီး သွားရောက်ကယ်ဆယ်ကြမှာပါ။ ဒီဇာတ်ကားမှာ မင်းသားကြီးရဲ့ ပြည့်စုံတဲ့ လှုပ်ရှားမှုတွေ အပြင် ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး လို့ ပြောလို့ရတဲ့ CGI effect တွေကြောင့် ပါးစပ်အဟောင်းသားနဲ့ကြည့်ရှုကြရမှာပါ။ ဒါ့အပြင် မင်းသမီးနှစ်လက်လုံးကလဲ ဆွဲဆောင်မှုအရမ်းရှိနေတဲ့အတွက် ကြည့်ကိုကြည့်ရမယ့် ကားသစ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်း CM Admin-Ko Kyaw Kyaw Zin Phyo(ကိုနီယို) မှ ရေးသားတင်ဆက်ထားပါတယ်။ စာတန်းထိုးဘာသာပြန်ကတော့ Khuppi Ek မှ ဖြစ်ပါတယ်။)


File Size                           : 903 MB
Quality                             : BlueRay 720P
Running Time                   : 1h 54m
Source                             : YIFY
IMDb Rate                        : 6.2
Translated                        : Khuppi Ek
Encoded                           : San Win Maung



Hardcore Henry (2015)




2015 ရဲ့ ထူးထူးခြားခြား ဇာတ်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ IMDb ၆.၈ နဲ့ FPS စတိုင်ကားပါ။ FPS ဆိုတာ ဂိမ်းကစားသူတွေ အတွက်ရင်းနှီးပေမယ့် သာမာန်ရုပ်ရှင်ချစ်သူတွေ အတွက်တော့ ထူးခြားနေပါလိမ့်မယ်။ ဇာတ်ကောင်ရဲ့ မြင်ကွင်းအဖြစ် ရိုက်ကူးထားတာ ဖြစ်ပြီး ဇာတ်ကောင်ကို မမြင်ရပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဟင်နရီကို သေရွာကနေ သိပ္ပံပညာနဲ့ ဇနီးဖြစ်သူက ပြန်အသက်သွင်းခဲ့ပြီး သူနိုးထလာချိန်မှာပဲ ဇနီး ဖြစ်သူကို ဂိုဏ်းခေါင်းဆောင် စိတ်စွမ်းအားရှင်တစ်ဦးက ဖမ်းဆီးသွားပါတယ်။ မှတ်ဥာဏ်မရှိ ဘာတွေဖြစ်နေမှန်း မသိတော့တဲ့ ဟင်နရီဟာ ဇနီးဖြစ်သူကို လိုက်ကယ်တင်ရင်း သိချင်တဲ့ အဖြေတွေကို ရှာဖွေရပါတော့မယ်။ ဒီဇာတ်ကားကလည်း အက်ရှင်တွေ အတော်ကောင်းပြီး ဇာတ်လမ်းကလည်း ဆက်တိုက် အရှိန်မြင့်လာတာမို့ ကြည့်ဖို့ကောင်းမယ့် ကားတစ်ခုပါပဲ။ အနည်းငယ်တော့ အစပိုင်းမှာ မူးကောင်းမူးသွားနိုင်တာကို သတိပြုပါခင်ဗျာ။ဇတ်လမ်းအညွန်းကို Little Neo မှ ရေးပေးထားတာဖြစ်ပြီးရုပ်ရှင်ကိုတော့ Kyaw Soe Han မှ Encode ပြီး တင်ဆက်ပေးထားပါတယ်…

File size – ( 969MB )
Quality – Blu Ray Rip 1080P
Format – MP4
Subtitle – Myanmar Subtitle
Encoder – Kyaw Soe HanDownload


Download HD
Download Small(560MB)

The Burmese Harp(1956) – မြန်မာစာတန်းထိုး




၁၉၅၆ခုနှစ်လောက်ကတည်းကထွက်ခဲ့တဲ့ဒီဇာတ်ကားဟာလူအတော်များများရဲ့နလုံးသားမှာနေရာ
ယူထားမယ်ဆိုတာကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။ ကြည့်ပြီးသူတွေအတွက်ရင်ထဲမှာနင့်နင့်နဲနဲ
ခံစားစေရမယ့်။ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး ကျွန်တော် ဒီဇာတ်ကားလေးကိုကြည့်မိတဲ့
အချိန်မှာကိုယ်ချင်းစာစိတ်ဝမ်းနည်းစိတ်ကြေကွဲစိတ်တွေတစ်ပေါင်းတစ်စည်းတည်းခံစားခဲ့ရပါတယ်။
ပုံမှန်လူတစ်ယောက်အတွက် အပိုတွေပြောနေတယ်လို့ထင်ရပေမယ့်။ တစ်ကယ်ရုပ်ရှင်ချစ်သူတွေ
အတွက်ဗမာ့စောင်းဇာတ်ကားဟာ အလွန်တန်ဖိုးမဖြတ်နိင်တဲ့ဇာတ်ကား တစ်ကားလို့ သေချာပေါက်
ပြောဆိုမှာပါ။ IMDb rating အနေနဲ့ 8.1/10  Rotten Tomatoes အနေနဲ့ 91%ရထားခဲ့တာကို
ကြည့်ရင် ဒီဇာတ်ကားလေးဟာ အောင်မြင်တယ်မအောင်မြင်ဘူးဆိုတာတွေ့နိင်ပါတယ်။
ဒါရိုက်တာအနေနဲ့ Kon Ichikawa က ရိုက်ကူးထားပြီး စာရေးဆရာကတော့နိုဗယ်ဆုရှင်
michio takeyama က ရေးသားထားပါတယ်။
ဇာတ်ကားကတော့ကာလာမဟုတ်ပါဘူး။ အဖြူအမဲပါ မြန်မာနိင်ငံနဲ့ပူးပေါင်းရိုက်ကူးထားတဲ့ဇာတ်ကားရိုက်ကူးတဲ့ အချိန်အခါကိုကြည့်ခြင်းအားဖြင့်ဂျပန်ရုပ်ရှင်ရဲ့အဆင့်အတန်းမြန်မာ့ရုပ်ရှင်ရဲ့အဆင့်အတန်းကိုကွင်းကွင်းကွက်ကွက်မြင်နိင်ပါတယ်။(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ ညီလေး Soe Htwe ဖြစ်ပါတယ်။)

Download and Direct Watch HD 720P
Download and Direct Watch 360P

 
Copyright © 2015. youlink
Blogger Templates