Home » , » The Burmese Harp(1956) – မြန်မာစာတန်းထိုး

The Burmese Harp(1956) – မြန်မာစာတန်းထိုး




၁၉၅၆ခုနှစ်လောက်ကတည်းကထွက်ခဲ့တဲ့ဒီဇာတ်ကားဟာလူအတော်များများရဲ့နလုံးသားမှာနေရာ
ယူထားမယ်ဆိုတာကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။ ကြည့်ပြီးသူတွေအတွက်ရင်ထဲမှာနင့်နင့်နဲနဲ
ခံစားစေရမယ့်။ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး ကျွန်တော် ဒီဇာတ်ကားလေးကိုကြည့်မိတဲ့
အချိန်မှာကိုယ်ချင်းစာစိတ်ဝမ်းနည်းစိတ်ကြေကွဲစိတ်တွေတစ်ပေါင်းတစ်စည်းတည်းခံစားခဲ့ရပါတယ်။
ပုံမှန်လူတစ်ယောက်အတွက် အပိုတွေပြောနေတယ်လို့ထင်ရပေမယ့်။ တစ်ကယ်ရုပ်ရှင်ချစ်သူတွေ
အတွက်ဗမာ့စောင်းဇာတ်ကားဟာ အလွန်တန်ဖိုးမဖြတ်နိင်တဲ့ဇာတ်ကား တစ်ကားလို့ သေချာပေါက်
ပြောဆိုမှာပါ။ IMDb rating အနေနဲ့ 8.1/10  Rotten Tomatoes အနေနဲ့ 91%ရထားခဲ့တာကို
ကြည့်ရင် ဒီဇာတ်ကားလေးဟာ အောင်မြင်တယ်မအောင်မြင်ဘူးဆိုတာတွေ့နိင်ပါတယ်။
ဒါရိုက်တာအနေနဲ့ Kon Ichikawa က ရိုက်ကူးထားပြီး စာရေးဆရာကတော့နိုဗယ်ဆုရှင်
michio takeyama က ရေးသားထားပါတယ်။
ဇာတ်ကားကတော့ကာလာမဟုတ်ပါဘူး။ အဖြူအမဲပါ မြန်မာနိင်ငံနဲ့ပူးပေါင်းရိုက်ကူးထားတဲ့ဇာတ်ကားရိုက်ကူးတဲ့ အချိန်အခါကိုကြည့်ခြင်းအားဖြင့်ဂျပန်ရုပ်ရှင်ရဲ့အဆင့်အတန်းမြန်မာ့ရုပ်ရှင်ရဲ့အဆင့်အတန်းကိုကွင်းကွင်းကွက်ကွက်မြင်နိင်ပါတယ်။(ဒီဇာတ်ကားရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ ညီလေး Soe Htwe ဖြစ်ပါတယ်။)

Download and Direct Watch HD 720P
Download and Direct Watch 360P

Share this article :

0 comments:

Post a Comment

 
Copyright © 2015. youlink
Blogger Templates