Home » , , » Batman :The Killing Joke(2016) မြန်မာစာတန်းထိုး

Batman :The Killing Joke(2016) မြန်မာစာတန်းထိုး

Batman :The Killing Joke(2016) မြန်မာစာတန်းထိုး




ဒီလောကကြီးထဲမှာ လူရယ်လို့ဖြစ်လာခဲ့ပြီဆိုရင် လောကဓံရဲ့ရိုက်ချက်တွေကံတရားရဲ့ ကစားကွက်တွေ
ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတဲ့ခံစားမှုရဲ့ ဒဏ်တွေကို တစ်ခုမဟုတ်တစ်ခုကတော့ အလူးအလဲ
ခံစားကြဖူးကြမှာပါပဲ
ဒီလို နာကျင်မှုတွေ ထိုးနှက်ချက်တွေကြားမှာ လူသားတစ်ယောက်အနေနဲ့ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်ပါ့မလား
ဒါမှမဟုတ်အရှုံးပေး လက်မြှောက်လိုက်မလား…?
ဒါမှမဟုတ် အရာအားလုံးကို နာကျည်းမုန်းတီးသွားမလား…?
ဒီဇာတ်ကားထဲမှာတော့
Batman ရဲ့ အဓိကရန်သူတော် Villain ကြီး
Joker ဟာ သူဖြတ်သန်းခဲ့ရတဲ့ လောကဓံရဲ့
ရိုက်ချက်တွေ သူ့အပေါ် ပြင်းထန်ခဲ့တဲ့ အခါမှာ
သူ့ရဲ့ကျရှုံးမှုတွေ နာကျင်မှုတွေ ကနေ
အရာအားလုံးကို နာကျည်း မုန်းတီးသွားခဲ့ပြီး ရူးသွပ်စွာ ရက်စက်တတ်တဲ့ သူတစ်ယောက်အဖြစ်ကို
အသွင်ပြောင်းသွားခဲ့ပါတယ်
နောက်ပြီး Joker ဟာ သူ့လိုပဲ လူတိုင်းဟာ
စိတ်ဒါဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ ရင် ရူးသွပ်သွားမှာပဲ
ဆိုတဲ့ အချက်ကို သက်သေပြဖို့အတွက် ဘယ်လို ဘယ်ပုံတွေ
ရက်စက် အကွက်ချ လုပ်ပြမလဲဆိုတာကတော့ ဒီဇာတ်ကားရဲ့အဓိက ဇာတ်အိမ်ပဲဖြစ်ပါတယ်
မြင်ရခဲတဲ့ Jokerရဲ့နောက်ကြောင်းရာဇဝင်ကို ဒီကားထဲ
မှာမြင်တွေ့ရမှာဖြစ်ပြီး
Batman နဲ့ Joker ရဲ့ကြားထဲက relationship ကို
လေးလေးနက်နက်ပုံဖော်ပြထားပါတယ်1988 ခုနှစ်ကထွက်ရှိခဲ့တဲ့The Killing Joke comic
ကိုအခြေခံပြီးရိုက်ကူး ထားတဲ့ဒီဇာတ်ကား ဟာ
အချိန်ကန့်သတ်ပြသပေမယ့်လဲ ပြသခဲ့တဲ့ နှစ်ရက်အတွင်းမှ
3.8သန်းအထိဝင်ငွေရရှိခဲ့ပြီး Box-Office ရဲ့
တတိယနေရာမှာ ခေတ္တရပ်တည်နိုင်ခဲ့ပါတယ်IMDb rating အနေနဲ့ 6.8/10ရရှိထားလို့
ဇာတ်ကားကောင်းတစ်ကားအနေနဲ့ညွှန်းပေးပါရစေဇာတ်ကားကို အသေအချာ ဘာသာပြန်ပေးထားပြီး (အထူးသဖြင့် Joker ရဲ့ ဒဿန ဆန်ဆန်
ဒိုင်ယာလော့ခ် တွေ) အညွှန်းရေးပေးသူကတော့ ကိုHan Htoo Zaw ပဲ ဖြစ်ပါတယ်။
File Size : 574Mb
Duration : 1:19:00
Quality : bluRay 720P
Translator: Han Htoo
ZawEncoder : Kaung Myat Thu

Download and Watch with Pcloud
Share this article :

0 comments:

Post a Comment

 
Copyright © 2015. youlink
Blogger Templates