Home » , » Baaghi (2016) မြန်မာစာတန်းထိုး

Baaghi (2016) မြန်မာစာတန်းထိုး



ရထားတစ်စင်းပေါ်မှာကောင်မလေးတစ်ယောက်ဟာ တွဲကူးနေရာကနေမတ်တပ်ရပ်ရင်း ရွာနေတဲ့မိုးစက်လေးတွေကိုကြည့်ရင်း စကားတွေပြောနေခဲ့တယ် ဒီမြင်ကွင်းကိုသဘောကျလို့
လက်ပိုက်ကြည့်နေတဲ့ကောင်လေးတစ်ယောက်ရှိတယ် သူကတော့ ခပ်ဆိုးဆိုး ခပ်ပေပေ ဘ၀ကိုဦးတည်ချက်မရှိဖြတ်သန်းနေတဲ့လူငယ်တစ်ယောက် ဆိုးသွမ်းလွန်းတော့ သူ့အဖေက
သူငယ်ချင်းသိုင်းဆရာတစ်ယောက်ဆီကိုလွှတ်ရင်း စာလေးတစ်ရေးပြီးအကူအညီတောင်းခဲ့တယ် သူ့သားဘ၀ကိုတည့်မတ်ပေးပါပေါ့ သိုင်းသင်တန်းကျောင်းမှာအောက်ခြေသိမ်းလုပ်ရင်း
မိုးစက်တွေကိုချစ်တတ်တဲ့ကောင်မလေးကိုထပ်တွေ့ခဲ့တယ် တိုက်တိုက်ဆိုင်ဆိုင် သိုင်းဆရာကြီးမှာ သားတစ်ယောက်ရှိတယ် ဗီဇဆိုးတွေကိန်းအောင်နေတဲ့သိုင်းဆရာကြီးရဲ့သားဟာ
အဲ့ဒီကောင်မလေးကို ချစ်ခဲ့တယ် ငွေ အာဏာ အရည်အချင်းတွေမယှဉ်နိုင်လွန်းပေမဲ့ ကောင်မလေးက ရထားတွဲပေါ်က အညတရ ကောင်လေးကိုပဲပြန်ချစ်ခဲ့တယ် သိုင်းဆရာကြီးခိုင်းတဲ့
အောက်ခြေသိမ်းအလုပ်တွေဟာ တကယ်တော့ သိုင်းကျင့်စဉ်တစ်မျိုးဖြစ်တာကိုကောင်လေးသိသွားခဲ့ရတယ် ဒီလိုနဲ့ဆရာကိုလေးစားရင်း သိုင်းပညာတွေလည်း ဆက်သင်ရင်း ကောင်မလေးနဲ့
ဘ၀တစ်ခုဖြတ်သမ်းမယ်လို့ ဦးတည်ချက်တွေ ရည်ရွယ်ချက်တွေရှိလာခဲ့တယ် သိုင်းဆရာကြီးရဲ့သားဟာ အချစ်ကို နှလုံးသားနဲ့အနိုင်ယူလို့မရမှန်းသိတော့ အာဏာ ငွေကြေးနဲ့သိမ်းပိုက်ဖို့
ကြိုးစားရင် နောက်ဆုံးပြန်ပေးဆွဲ မလုပ်သင့်တာတွေကိုလုပ်တဲ့အထိဖြစ်လာတယ်
ဒီကားအကြောင်းကိုဆက်ပြောရရင် အိန္ဒိယအက်ရှင်ကားတွေထဲကတမူကွဲထွက်လာတဲ့ကားလို့ဆိုချင်ပါတယ် လက်နဲ့ရွယ်လိုက်ရုံနဲ့ ၆ပေလောက်လွင့်သွားတဲ့ ကားမျိုးမဟုတ်ပါဘူး အိန္ဒိယသိုင်းကား
ဒါရိုက်တာ ဆတ်ဘာခမ်က သိုင်းကွက်တွေ ခြေအနှုတ်အသိမ်း အကန်ခံရတာတွေ အားလုံးကိုအနုစိတ်ရိုက်ကူးထားတယ် သိုင်းသမားဟန် လှုပ်ရှားကွက်တွေ defenceအကွက်တွေအတော်လေးကို
လှပါတယ် မင်းသား Tiger Shroffက ပင်ပန်းကြမ်းတမ်းစွာ သရုပ်ဆောင်ခဲ့တယ် သူ့ရဲ့ကြိုးစားမှုတွေကတော့အသိအမှတ်ပြုရမှာဖြစ်ပါတယ် အိန္ဒိယအလှအပရှုခင်းတွေ တွေ့ရမှာဖြစ်သလို ဗန်ကောက်
မှာပြန်ပေးဆွဲထားတော့ ထိုင်းရဲ့အလှအပရှုခင်းတွေလည်းခံစားရမှာဖြစ်ပါတယ် ရိုက်ကူးစဉ် ရူပီသန်း၃၅၀တောင်ကုန်ကျခဲ့ပေမဲ့ ၀င်ငွေ ၁.၂ကုဋေထိအောင်မြင်မှုရခဲ့တဲ့ action, romanceကားလေး
ခံစားလိုက်ပါဦးလို့

(ဇာတ်လမ်းအညွန်းကို ကို Phyo Pyae မှရေးပေးထားတာဖြစ်ပါတယ်)

File size…(1GB)
Quality… 720p bluray
Format…mp4
Duration….02:13:00
Subtitle….Myanmar Subtitle (Hardsub)
Encoder…Thanhtike Zaw

Download Here (1GB)
Small File Size (500MB)
Share this article :

0 comments:

Post a Comment

 
Copyright © 2015. youlink
Blogger Templates